Call From

(+95) 9 400 33 1976 , (+95) 9 400 33 2011

Email From

Info@anandamyittaryeik.com

FAQ

အနန္တ မေတ္တာ ရိပ် ဘိုးဘွားပြုစုစောင့် ရှောက် ရေး ရိပ်သာ အတွက် အမေးများတဲ့ မေးခွန်းလေးတွေ ဖြေပေးပါရစေရှင်

Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း မှ စတင်တည်ထောင်တာပါ။ လူကြီးမိဘ များကို အိမ်တိုင်ရာရောက်ကုသပေးခဲ့တာ ၃ နှစ်ကျော်ကြာခဲ့ပြီမို့ ပြုစုစောင့်ရှောက်မှုဆိုင်ရာ အားသာချက် လိုအပ်ချက်များ အတိုင်း မိသားစုပမာ ပြုစုပေးမှာပါ။
မဟုတ်ပါ။ သင့်တော်သော ဝန်ဆောင်ခဖြင့်အကောင်းဆုံး ပြုစု စောင့်ရှောက်ပေးမှာပါ။

2016 တွင်စတင်တည်ထောင်ခဲ့သော Doctors On Wheels အိမ်တိုင်ရာရောက်ဆေးကုသမှုလုပ်ငန်း မှ အသက် ၆၀ မှ ၉၀ ကျော်အထိ ဘိုးဘွား လူကြီးမိဘများကို ကုသပေးခဲ့သည်မှာ ၃ နှစ်ကျော်ကြာခဲ့ပါပြီ။ အိမ် သို့ လာရောက်ကုသပေးသောဆရာဝန်သူနာပြု များအနေဖြင့် medical guide line များအပြင် အိမ်တွင် ပြုစုစောင့်ရှောက်သောမိသားစု များ care giver များရဲ့ အားသာချက် အားနည်းချက်များကိုလည်း သိရှိနားလည်ခဲ့ပြီးဖြစ်ပါသည်။

လူကြီးမိဘများရဲ့ စိတ်နေစိတ်ထား၊ ရောဂါ ဝင်ရောက်လာတတ်သော အနေအထား၊အဖြစ်များသောရောဂါများ၊ ကြိုတင်ကာကွယ်မှုများ၊ထိရောက်သော ကုသနည်းများကို အတွေ့အကြုံ ကသင်ကြားခဲ့ပြီးလည်းဖြစ်ပါသည်။ သို့ဖြစ်၍ လူကြီး မိဘများ၏ အသက်ရှည်ရာအနာလျော့ကြောင်းအတွက် အနန္တ မေတ္တာရိပ် ဘိုးဘ္ဗားပြုစုစောင့်ရှောက်ရေးရိပ်သာ ကိုစတင်တည်ထောင်ခြင်းဖြစ်ပါသည်။

Doctors On Wheels မှ ဆရာဝန်သူနာပြုများရဲ့ ဂရုစိုက်မှု၊ ကြင်နာမှု၊ စိတ်ရှည်မှုနှင့် ကိုယ်ခြင်းစာနွေးထွေးမှုများ ကိုတော့ အထူးပြောစရာမလိုအောင် ကြည့်ပေးဖူးသော လူမမာ များ ရဲ့ မိသားစု တိုင်းအသိပါ။ တခါ ပြဖူးရင် နေ့တိုင်း ဒေါက်တာ့ဆီ ဖုန်းဆက်မေး လို့ရနေတဲ့ အထိ ဂရုစိုက်နေတာ လည်း အားလုံးအသိပါပဲ။

ရန်ကုန်မြို့ ရဲ့ သစ်ရိပ် ဝါးရိပ် ရှိသေးတဲ့ နေရာ လေးပါ၊ ဆိတ်ငြိမ် ရပ်ကွက်လေးမှာပါ၊ မြောက်ဒဂုံ မြို့နယ်မှာပါ၊ ပင်လုံလမ်း တဲ့ ဆင်း ၃၂ VIP ထဲမှာပါ
ပေ ၁၀၀ _ ပေ ၆၀ ခြံဝန်းကျယ်ထဲမှာပါ
ခြံ လေးက အုတ်တံတိုင်း ကာ သံတံခါး ကြီး နဲ့ပါ၊ တိုက် က ပြတင်းပေါက် သံပန်း အပြည့်နဲ့ပါ၊ ခြံ ထဲမှာ security ဝန်ထမ်း ရှိပါတယ်၊ CCTV လည်းရှိပါတယ်။
ချော် မလဲ စေတဲ့ အုတ်တုံး ခင်းတာတာတော့ safety first ပါ။ ပိတောက်ပင်ပျို လေးပါတယ်။ ကံ့ကော်ပင်လေးကလည်းပွင့်နေပြီ။ ခရေပင် လေးကလည်း ပွင့်နေပြီ။ စံပယ်ပင်လေး လည်း ရှိတယ်။
ဘိုးဘိုး တို့ ငယ်စဉ်က ဆောက်ခဲ့တဲ့တိုက်ကလေး ဘွားဘွား အိမ်ရှင်မ တို့ ငယ်စဉ်က စီမံခန့်ခွဲ ခဲ့တဲ့ အိမ်ကလေး ကို သတိရစေဖို့ပါ။ ငယ်ဘဝ ကို သတိရတဲ့ အခါ စိတ်ကြည်လင်နု ပျို လာတတ်တာ အားလုံး အသိပါ။
ခြံအပြင်မှာ ခြင်နိုင်ဆေး ဖြန်းဖို့ က မလုပ်မဖြစ်ပါ။ ဖုံးသွန်လဲစစ် ကလည်း must do ပါ။ တိုက်ထဲ မှာကတော့ ခြင်ကာပါပါတယ်။
အခု ဆောက်ကျသလို အပေါ် မြင့် တက် ထားတဲ့ ကန်ထရိုက် တိုက် ပုံစံမဟုတ်ဘဲ ခု နောက်ပိုင်းရှားပါး လာပြီ ဖြစ်တဲ့ ဘန်ဂရို ဆန်ဆန် ဘေးကို အပျံ့ ကျယ် ကျယ် ဆောက် ထားတဲ့ တထပ်ခွဲ တိုက်လေးပါ။ ဘိုးဘိုး တို့ငယ်ငယ်က နေဖူးတဲ့ တိုက်လေးတွေ လိုပါပဲ။ မြေကြီး ရှား လာလို့ အထပ်မြင့် တင်လာရတဲ့ စနစ်ကို မေ့ ပစ်လို့ရတဲ့တိုက်လေးပါ တိုက်ဟောင်းမဟုတ်ပါနော်။ တိုက်ကလေး က ငါးနှစ်သား လေးပါ။ ဘိုးဘွား တို့ လှေကားမတက်ရပါဘူး။
ကြမ်းခင်းက ဘိုးဘွားတို့အကြိုက် ကျွန်းပါကေးခင်းပါ။ ချော်မလဲဘူး ခြေထောက်မအေးဘူး အစိုမပြန်ဘူး ။
ပြတင်းတံခါးတွေ ဖွင့်ထားလည်း ခြင်ကာနဲ့မို့ ပူစရာမရှိပါ။ အေး စေချင် လျင် Air con ရော ပန်ကာ ရောရှိလို့ ကြိုက်တာဖွင့်လို့ရပါတယ်။ ပူ စေချင်လျင်တော့ ပြတင်း တံခါးပိတ်ထား ရုံပါ
သန့်ရှင်းရေးဝန်ထမ်းကတော့ ပုံမှန်ရှိနေပါတယ်။ Deep cleaning အတွက်ကတော့ service company အပ်မှာပါ။
သုံး ယောက်ခန်း ၊ လေး ယောက်ခန်း ၊ ခြောက်ယောက်ခန်း တွေရှိပါတယ်။ တယောက်ထဲနေဖို့ တော့ မူ အရ ခွင့်မပြုပါ။ safety အတွက်ပါ။ ဘိုးဘွားတွေဖြစ် လို့ အခန်းတခါးပိတ် တယောက်ထဲ နေတဲ့ privacy ထက် safety က ပိုပြီး အရေးကြီးတယ်ယူဆလို့ပါ။ တယောက်ထဲ သတိလစ်နေမလား တက်နေမလားချော်လဲနေမလား ဆိုတာတွေက ထည့်စဉ်းစားရမှာပါ။
အမျိုးသား ခန်း အမျိုးသမီးခန်း ခွဲထားပါတယ်။
Dressing လုပ်ပေးမှာပါ။ အနာကျက်ရင် ပြန်ခေါ် လို့ရပါတယ်။၁၀ ရက်အနည်းဆုံး နေ လို့ရပါတယ်။
အစားသောက်အားလုံး တာဝန်ယူမှာပါ။ Menu လာကြည့်လို့ရပါတယ်။
အလွန်ဆုံး ၂ ပတ် အထိတော့ လာမကြည့်နိုင်လို့ရပါတယ်။ ပုံမှန်အားဖြင့်မိသားစုဝင်မှ တပတ်- ၁၀ ရက်တခါလောက် လာတွေ့စေချင်ပါတယ်။

အစား အသောက် က တနေ့ ၆ ကြိမ်ကျွေးမှာပါ။

  • Breakfast
  • Snack
  • Lunch
  • Snack
  • Dinner
  • Supper ပုံစံနဲ့ကျွေးမှာပါ။

ပုံမှန်စားသောက်နိုင်တဲ့ ဘိုးဘွားများအတွက် က

  • ထမင်း ၊
  • အသားဟင်း၊
  • ဟင်းသီးဟင်းရွက်၊
  • အရည်ဟင်း - အားလုံးပေါင်း (၄ မျိုး) ကျွေးမှာပါ။

သို့သော် အဆီမများသော ၊ အငန်ပေါ့သော ၊ အချိုမှုန့်မပါသော Healthy Diet ပါ။ ငပိရည် ငပိထောင်းမကျွေးပါ။ အမဲသားမကျွေးပါ။

Parkinsonism ရှိသော အဘိုးဘွားများ မမျို ချနိုင်ပါက မိသားစုမှ request လုပ်လျင် blended diet ကျွေးပေးပါမည်။ အစာပိုက်ရှိသော ဘိုးဘွားများအတွက် သူနာပြုဆရာမကိုယ်တိုင် 60 cc ပိုက်ဖြင့် ကျွေးပါမည်။ Intake-out put မှတ်ပေးပါမည်။

  • တကိုယ်ရေအသုံးအဆောင်များ
  • air con ခန်း နှင့် အိပ်ရာ နေရာထိုင်ခင်းများ
  • ဆရာဝန် fee,
  • သမားတော် fee,
  • စားစရိတ်(အဟာရဆရာဝန် ရဲ့ အစားအသောက် menu အတိုင်း )
  • nurse fee,
  • သူနာပြုအကူများ
  • ပြုစုသူ care giver များ

လေ့ကျင့်ခန်း ဆရာမ fee အားလုံးအပါအဝင် 24 hours စရိတ်အပြီးအစီးကို ၂၀၀၀၀ မှ ၂၅၀၀၀ကျပ် ခန့်ပါ။